မုံရွာ ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့နယ် ထနောင်းတောကျေးရွာ၊ ဟင်းသီးဟင်းရွက် အထူးဇုန်စိုက်ခင်းသို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စားဖိုဆောင်သီးနှံနှင့် ဟင်းသီး ဟင်းရွက် (၃၁၈.၀၀)ဧက စိုက်ပျိုးထားရှိမှုနှင့် အောင်ဖြင်ဖြစ်ထွန်း နေမှုများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စားဖိုဆောင်သီးနှံ၊ ဟင်းသီး ဟင်းရွက်များ သန့်ရှင်း လက်ဆက်မှု ရှိစေရေး၊ ဈေးကွက်တွင် ဈေးကောင်းရရှိစေရန် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ သော ဟင်းသီးဟင်းရွက် စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကျွဲရဲကျေးရွာ၊ မုံရွာမြို့ပတ် လမ်းဘေးတွင် စိုက်ပျိုးထားသော ဆီထွက်နေကြာစံပြ စိုက်ခင်းနှင့် ကျောက်စစ်ပုံကျေးရွာ၊ ကြက်သွန်နီ စံပြစိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနုတ်ဆက်ပြီး သီးနှံဈေးကွက်များ တည်ငြိမ်မှု ရှိစေရေး၊ စိုက်ပျိုးရေ ပြည့်မီစွာရရှိရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိသော ဆီထွက်နေကြာစံပြစိုက်ခင်းနှင့် ကြက်သွန်နီ စံပြစိုက်ခင်းတို့အား ကြည့်ရှု စစ်ဆေးခဲ့ပြီး တောင်သူများအား နှာခေါင်းစည်း Mark များပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခံတောကျေးရွာ၊ ဆင်းပဒေသာ(၁၁)မြေပဲသီးနှံ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်း (IPM) စံပြကွက်သို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မုံရွာမြို့နယ်၏ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစိုက်ပျိုးထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာမြို့နယ်၏ ဆီထွက်သီးနှံ၊ ပဲမျိုးစုံစိုက်ပျိုး ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ ဆင်းပဒေသာ (၁၁)မြေပဲခင်းနှင့် တစ်ရှူးငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု စစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနုတ်ပြီး တောင်သူများအား နှာခေါင်းစည်း Mark များ အသီးသီး ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ရုံးဝန်းအတွင်းတွင် ကျင်းပသော ပဲမျိုးစုံသီးနှံပြပွဲသို့ ရောက်ရှိရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကြည်ဝင်း က တိုင်းဒေသကြီးအတွင်း ပဲမျိုးစုံသီးနှံစိုက်ပျိုးထားရှိမှုအား လိုက်လံရှင်းလင်း တင်ပြပြီး ပဲမျိုးစေ့များနှင့် ပဲမျိုးစုံသီးနှံဓာတ်မြေသြဇာ ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသော ပဲမျိုးစုံသီးနှံအထွက်နှုန်း တိုးတက်ရေးနှင့် အရည်အသွေး ကောင်းမွန်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ ဈေးကွက်သတင်းအချက် အလက်စနစ် (Market Imformation System) တာဝန်ခံ ဒေါက်တာတင်မာမာဦး က ပဲမျိုး စုံသီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အခြေခံအချက်အလက် များအား လည်းကောင်း၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလိူင်ဦးက ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးနှင့် အရည်အသွေး ကောင်းမွန်ရေး ဆောင်ရွက်မည့် အစီအစဉ်များအား လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ညှိနှိုင်းမှုကော်မတီ အဖွဲ့ဝင်များက မိမိတို့ဌာနများ အလိုက် ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးနှင့် အရည်အသွေးကောင်းမွန်ရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် မုံရွာခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးများက ခရိုင်/မြို့နယ်များ အတွင်း ပဲမျိုးစုံသီးနှံ စိုက်ပျိုးထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပဲမျိုးစုံသီးနှံ အထွက်နှုန်း ကောင်းမွန်ရေးနှင့် အရည်အသွေးကောင်းမွန်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေး တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပဲမျိုးစုံသီးနှံ အထွက်နှုန်း ကောင်းမွန်ရေးနှင့် အရည်အသွေး ကောင်းမွန်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ တောင်သူနည်းပညာပေး ဝန်ထမ်းအဖွဲ့အား ဂုဏ်ပြုငွေများချီးမြင့်ပြီး ဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)