သဲကုန်း ဒီဇင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက သဲကုန်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးပစ္စည်းများကို သင့်တော်သော စျေးနှုန်းမြှင့် ရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ ဆေးဆိုင်များတွင် ဆေးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချမှုများ မရှိစေရေးနှင့် ဆေးပစ္စည်းများ ဝယ်ယူသုံးစွဲသူများ၏ ဘေးကင်းလုံခြုံမှုရရှိစေ ရေး ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြည်သူလူထု အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး၊ အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ် ကင်းရှင်းသော ဆေးပစ္စည်းများ ရောင်းချနိုင်ရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်