ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၂၀
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကို သတိပြုအလေးနက်ထား ကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် ပါးစပ်နှင့် နှားခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျင် တံတောင်ဆစ်ကွေး လက်နှင့်အုပ်၍ချောင်းဆိုးခြင်း နေအိမ် ပြတင်းပေါက်များကို ဖွင့်ထားကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာစနစ်တကျ ဆေးကြောရန် တတ်နိုင်သမျှ မိမိ နေအိမ်မှာ နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားရလျင် နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်ပြီး ရောဂါပိုး ရှိ/မရှိဆေးစစ်မှု ခံယူကြရန် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက် ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှု များအား အကြိမ်ရေပြည့် မပျက်မကွက်ခံယူကြရန် စသည့်ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး