ကျုံပျော် ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ အထက မြတ်လေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် ပညာသင်ကြားပေးခဲ့သော ဆရာ/ဆရာမ များအား ဆရာကြီးဦးရောလေ ကော်မတီမှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးစီုးလွင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ အထောင် မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် ကော်မတီဝင် ဆရာဦးစံကွန့်တို့က ဆုချီးမြှင့်မှုနှင့် ပတ်သက် ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ထို့နောက်ဆရာကြီးဦးရောလေ ပညာသင်ထောက်ပံ့ကြေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ရေး ကော်မတီ က (၆)ဘာသာဂုဏ်ထူးရှင် (၁)ဦး ၊ (၄)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ် ထူးရှင် (၁)ဦး ၊ (၂)ဘာသာဂုဏ်ထူးရှင် (၃)ဦး ၊ (၁)ဘာသာဂုဏ်ထူးရှင် (၉)ဦး၊ စုစုပေါင်းဂုဏ်ထူးရ ကျောင်းသားကျောင်းသူ (၁၅)ဦး နှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးသော ဆရာဆရာမများအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ကျုံပျော်မြို့နယ်၊ အထောင်မြို့ အထက၏ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်မေးပွဲ အောင်ချက် ရာခိုင်နှုန်းမှာ (၃၃.၆၇%)ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး