ဟိုင်းကြီးကျွန်းမြို့၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ဟိုင်းကြီးကျွန်း    ဒီဇင်ဘာ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထကအဏ္ဏဝါ အခြေခံပညာ အထက်တန်း ကျောင်းတို့ပူးပေါင်း၍  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အားကစားပြိုင်ပွဲများနှင့် စာအုပ်စာစောင်ပြပွဲကို  ယနေ့ နံနက်(၉)နာရီအချိန် က ပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပြိုင်များတွင် ကျောင်းသား ကျောင်းသူများ၊ လူငယ် လူရွယ်များ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏ စွမ်းရည် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။

နွေးနွေး(ဟိုင်းကြီးကျွန်း)