ပန်းတနော်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများအား ပြသထားရှိ

ပန်းတနော် ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ အသိပညာပေး မြေစိုက်နံရံကပ်ဘုတ်တွင် ပြည်သူများအား အသိပညာ ဗဟုသုတရရှိစေရန် ပြည်သူ့အကျိုးပြု စာစောင်များနှင့် ဓာတ်ပုံများကို လစဉ်ပြသဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်ထားရှိလျက်ရှိသည်။

အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊  ဦးတည်ချက် (၉) ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကောင်အထည်ဖော် ဆောင်ရွက်နေ့မှု မှတ်တမ်းဓာတ်ပုံ များပါဝင်သည့် ဗီနိုင်းပိုစတာကို ပြသထားရာ ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)