ကံမမြို့နယ်၌ အခြေခံပညာ ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

ကံမ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေးစစ်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊  သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ခံများနှင့် အတူ ကံမမြို့နယ် အတွင်းရှိ တည်ဆောက်ဆဲ အခြေခံပညာကျောင်း ဆောင်သစ်များအား ယမန်နေ့ နေ့လယ်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြတ်ဖူးရောင်ချယ်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက် သည့် အခြေခံပညာကျောင်းများဖြစ်သော ကွမ်းခြံကျောင်း၊ တောင်ပို့တရာကျောင်း၊ ဇီးအိုင်ကျောင်း၊ စစ္စရံကျောင်း၊ မြဝတီကျောင်းနှင့် အလယ်ချောင်းကျောင်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး    အရည်အသွေးပြည့်မီရေး သတ်မှတ်ရက်အတွင်း ပြီးစီးရေးတို့အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။  

ကျော်ဇေယျဝင်း(ကံမ)