မြဝတီမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် New Learning Centre Private School မှ ကျောင်းသား အားကစားပွဲတော် ကျင်းပပြုလုပ်

မြဝတီ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် New Learning Centre Private School ရှိ ကျောင်းသား/ကျောင်းသူများ ကျန်းမာကြံခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံသားများဖြစ်လာစေရန် ရည်ရွယ်၍ ကျောင်းသား အားကစားပွဲကို ယနေ့နံနက်(၇)နာရီအချိန်က မြို့မအားကစားကွင်းတွင်  ကျင်းပပြု လုပ်သည်။

ရှေးဦးစွာ နိုင်ငံတော်သီချင်းနှင့်ကျောင်းသီချင်းကို သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က တတ်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် New Learning Centre Private School မှ ကျောင်းသား/ကျောင်သူ (၁၁၆) ဦးကို အသင်း (၅)သင်းဖွဲ့ကာ သားရေကွင်းသယ်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းစွပ်ပြေးပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ ခြေပူးကြိုချည်ပြိုင်ပွဲ၊ အမူအရာ လက်ဆင့်ကမ်း ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကို   ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရအသင်း များအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။