ဝါးခယ်မမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများအား မြေစိုက်နံရံကတ်ဘုတ်တွင် ပြသထား

ဝါးခယ်မ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံးရှေ့ရှိ အသိပညာပေး မြေစိုက်နံရံကပ်ဘုတ်တွင် ပြည်သူများအား အသိပညာပေး လိုသည့် ပြည်သူ့အကျိုးပြု စာစောင်များနှင့် ဓာတ်ပုံများကို လစဉ်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၉)နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းများ၊ နိုင်ငံ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေးဆိုင်ရာ ကောင်အထည်​ဖော်​ ဆောင်ရွက်​နေမှု မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာကို ပြသထားရာ ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ ကြကြောင်း သိရှိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)