ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျုံထရိတ်ကျေးရွာအုပ်စုရှိ ပြည်သူ(၁၆၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်ပေး

ဝါးခယ်မ ဒီဇင်ဘာ ၁၈

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်(၉)နာရီက ‌ကျုံထရိတ်ကျေးရွာအုပ်စုရှိ ပြည်သူများ အတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်‌ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲကာ‌ ကျုံထရိတ်ကျေးရွာ အုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀)နှစ်ပြည့် (၇၀)ဦး၊ အသက် (၁၈)နှစ်ပြည့် (၇၇)ဦး၊ လဲလှယ်(၁၈)ဦးစုစုပေါင်း (၁၆၅)ဦးအားဆောင်ရွက် ပေးနိုင် ခဲ့ကြောင်းသိရသည်။

စောသန္တာဦး(ပြန်/ဆက်)