ဝါးခယ်မမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဝါးခယ်မ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အမှတ်() အခြေခံပညာ အထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ထွန်းဦးစီး အရာရှိ()ဦး၊ အခြားအဆင့်(၁၁)ဦးတို့ တက်ရောက်ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အတွက် လက်တွေ့သရုပ်ပြ၍ အသိပညာပေး ဆောင်ရွက်ရာ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှု၍ လက်တွေ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီသို့ရောက်ရှိ လာပြီ ဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို အလေးထား လိုက်နာဆောင် ရွက်စေရန်နှင့် မီးပေါ့ဆစွာသုံးစွဲခြင်းမှ ရှောင်ကြဉ်တတ်စေရန် ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)