ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိ လိုက်နာရမည့် အချက်များနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါအကြောင်း အသိပညာပေး နှိုးဆော်

ဘားအံ ဒီဇင်ဘာလ ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  အများပြည်သူ သိရှိလိုက်နာရမည့် အချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော် ပေးလျက်ရှိရာ ယနေ့နံ နက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပြည်သူများ လိုက်နာရမည့်အချက်များကို နှိုးဆော်ပေးရာတွင် မျိုးကွဲသစ်အိုမီခရွန်ရောဂါတွင် ကိုဗစ်ကူးစက် ခံရဖူးသူများပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်ကာ ကွယ်ဆေးများ၏ ထိရောက်မှုနှုန်းလျော့ချ နိုင်ခြင်း၊ ကလေးများနှင့်အသက် (၃၀)အောက်လူငယ်များတွင် ပိုမိုကူးစက်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်၊ ဆောင်ရန်/ရှောင်ရန် အချက်များအား လိုက်လံနိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ခရိုင် (ပြန်/ဆက်)