မင်းလှမြို့နယ် သမဝါယမအသင်း စုလီမီတတ်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာ ရွှေးချယ်တင်မြှောက်ပွဲကျင်းပ

မင်းလှ ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် သမဝါယမအသင်းစုရုံးတွင် ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်သမဝါယမအသင်းစုလီမီတတ်၏ အရပ်ရပ်ဆိုင်ရာ အစည်း အဝေးနှင့် ဒါရိုက်တာရွှေးချယ် တင်မြှောက်ပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပထမပိုင်း အရပ်ရပ်ဆိုင်ရာ အစည်းအဝေးတွင် သဘာပတိကြီး ဦးဖုန်းမြင့်၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်နှင့် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးပိုင်စိုးအောင်တို့က အမှာစကားပြောကြားသည်။

မြို့နယ်သမဝါယမအသင်းစု၏ (၂၀၁၉-၂၀၂၀)Mini Butget Year၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်း အစီရင်ခံစာကို ဒု-ဥက္ကဋ္ဌ ဦးမြလွင်က ဖတ်ကြားခြင်း၊ အသင်းစာရင်းစစ် ဦးသန်းစိုးမှ ဖတ်ကြားခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်းကို ဦးအောင်မြင့် ကဖတ်ကြားခြင်း တို့ ဆောင်ရွက်ခဲ့၍ သဘာပတိကြီးထံမှ အတည်ပြုချက်ရယူခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲ ၁ နာရီချိန်ဒုတိယပိုင်းတွင် ဒါရိုက်တာ ရွှေးချယ်တင်မြှောက်ပွဲကျင်းပခဲ့ရာ သဘာပတိတိုင်းအဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူး ဦးတင်လတ်က အမှာစကား ပြောကြားသည်။

ထို့နောက် မင်းလှမြို့နယ် သမဝါယမအသင်းစုလီမီတတ်၏ အမှုဒါရိုက်တာ(၇)ဦးအား အသင်း ကိုယ်စာလှယ်များက လျှို့ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာ  ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ ဒု-ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အတွင်းမှူး ဦးဖုန်းမြင့်၊ အချိန်ပြည့်အဖွဲ့ဝင်(၂)ဦး၊ အသင်းစာရင်းစစ်(၂) ဦးဖြင့် တာဝန်ပေးရွေးချယ်ခဲ့ကြသည်။

သဘာပတိတိုင်းအဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌက ‌အမှု‌ဆောင်ဒါရိုက်တာ(၇)ဦးအား မင်းလှ မြို့နယ် သမဝါယမအသင်းစုလီမီတတ်၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာကြိုးစား ဆောင်ရွက်နိုင်ရန် မှာကြားခဲ့ပြီး အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ