မင်းဘူး ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။
ထိုသို့ ထိုးနှံပေးလျက်ရှိရာတွင် မင်းဘူး(စကု)တစ်မြို့နယ်လုံး ၁၈ နှစ်အထက် ကာကွယ်ဆေး ထိုးနှံမည့် လူဦးရေးပေါင်း ၁၂၀,၀၀၀ ကျော်ရှိပြီး Covid Shield ထိုးပြီးသူ ၆,၀၁၅ ဦး၊ Sinovac ထိုးပြီးသူ ၄၅၀ ဦး၊ Sinopharm Phase-1 ထိုးပြီးသူ ၆,၀၉၃ ဦး၊ Phase-2 ထိုးပြီးသူ ၃၈,၉၅၉ ဦး၊ Phase-3 ထိုးပြီးသူ ၇,၉၁၈ ဦး၊ Phase-4 ပြီးသူ ၈,၄၂၀ ဦး၊ Phase-5 ထိုးပြီးသူ ၂,၀၈၂ ဦးအပြင် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူ ၇,၅၄၆ ဦးအပါအဝင် စုစုပေါင်း ၇၇,၄၈၃ ဦးတို့အား ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ ဆေးထိုးရန် ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာများဖြစ်သော ဒေသခံပြည်သူများအား ချမ်းသာကြီးဘုန်းတော်ကြီးကျောင်း၊ သိမ်ကုန်းဓမ္မာရုံနှင့် ရွာသာ၊ ကန်ရေ၊ ထောက်ရှာပင် ကျေးရွာများအရောက် ကွင်းဆင်း၍ ထိုးနှံပေးသွားမှာဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်က ပြောသည်။
ဇေယျာထက် (မင်းဘူး)
ဓာတ်ပုံ- ဦးဝင်းနိုင်