သရက် ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် ကိုးပင်ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကိုးပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လည် ၁ နာရီက ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူးက နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေရရှိရေး၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေ အရွယ်ကလေးများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ကာကွယ်ဆေးထိုး အကြိမ်ပြည့်မီအောင် ထိုးနှံရေးနှင့် ပန်းခင်း စီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားပြီး ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက် ထားရှိမှုများ၊ အကောင်အထည်ဖော်ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ကျေးရွာနေဒေသခံပြည်သူများက မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင် ရွက်လိုသည့်လုပ်ငန်းများနှင့် ကျေးရွာအတွက်လိုအပ်သည်များတင်ပြ၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဖြေကြားမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းပေးပြီး ကျေးရွာနေ ပြည်သူများအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ နှာခေါင်းစည်း (Mask)များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)