မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မြောင်းမြ  ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ကဗျာ ရွတ်ဆိုပြိုင်ပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အမှတ်ပေးအချက် များကို ပြောကြားသည်။               

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲကို မြောင်းမြခရိုင် အမှတ်(၁၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဆရာမောင်သင်းဝေရေးသားသော "လွတ်လပ်ရေးနေ့ တို့မမေ့" ကဗျာဖြင့် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြောင်းမြခရိုင် အမှတ် (၁၃) အခြေခံပညာ မူလတန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊  အသီးသီး တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူ ကျောင်းသား/သူများအား မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခင်ရူပါအေး