ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

ငွေဆောင် ဒီဇင်ဘာ ၁၈

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်​ရေးနှင့် မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ကြီးကြပ်မှုကော်မတီသည် ယမန်နေ့ နံနက်ပိုင်းက ငွေဆောင်ကမ်းခြေရှိ ဟိုတယ်များ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ငွေဆောင်မြို့မီးသတ်တပ်ဖွဲ့မှ တာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကောင်းပြည့်စုံပါဝင်သော မီးသတ်တပ်ဖွဲ့မှ ဟိုတယ်များအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အတွက် မီငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ ပြည့်စုံလုံလောက်စွာ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

မူမူ(ငွေဆောင်)