ကျုံပျော် ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် မြို့တွင်းလမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အောင်ဆန်းရပ်ကွက်၊ ယုဇနလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းသည် ဗိုလ်ချုပ်လမ်းနှင့် အောင်ဆန်းရပ်ကွက် တာသစ်လမ်းတို့ကို ဆက်သွယ်ပေးထားသော လမ်းဖြစ်ပြီး၊ ယခင်က လမ်းပျက်စီးမှုများ ရှိခဲ့ကာ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကွန်ကရစ်လမ်းအဖြစ် အရှည်(၆၃၉)ပေ၊ အကျယ်(၁၂) ပေ၊ ထု(၈)လက်မ ခင်းပေးလျက်ရှိကြောင်း သိရသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၁.၁၀.၂၀၂၁ ရက်နေ့မှ ၃၁.၃.၂၀၂၂ ရက်နေ့အထိ (၆)လတာကာကအတွင်း ငွေလုံးငွေရင်း အသုံး စရိတ်ဖြင့် တေဇရပ်ကွက်တွင်(၂)လမ်း၊ အောင်ဆန်းရပ်ကွက်တွင်(၂)လမ်း၊ မြဝတီရပ်ကွက်တွင် (၁) လမ်းနှင့် အထောင်မြို့၊ အမှတ်(၄)ရပ်ကွက်တွင် (၁)လမ်း၊ စုစုပေါင်း(၆)လမ်းတို့ကို ကွန်ကရစ်လမ်း (၄)လမ်း၊ ကျောက်ချောလမ်း(၂) လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)