ငပုတောမြို့နယ်တွင် နွေစပါးစိုက်တောင်သူများသို့ ယူရီးယားဓာတ်မြေသြဇာအိတ်များ ဒုတိယအကြိမ် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ

ငပုတော ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊  ငပုတောမြို့နယ်တွင် နွေစပါးစိုက်တောင်သူများသို့ ယူရီးယား ဓာတ်မြေသြဇာအိတ်များ ဒုတိယအကြိမ် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ  ၂  နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိန်သန်းက ယူရီးယားဓာတ်မြေသြဇာအိတ်များ ဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းနားသို့ တက်ရောက်လာကြသည့် တောင်သူများအား ဒုတိယ အကြိမ် ယူရီးယားဓာတ်မြေသြဇာအိတ်များ  ဖြန့်ဖြူးပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နွေစပါးစိုက်တောင်သူ စုစုပေါင်း (၇၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး နွေစပါးစိုက်ဧက (၇၆၀၇) ဧကအတွက် ယူရီးယားဓာက်မြေသြဇာအိတ် (၂၅၆) အိတ်ကို တောင်သူ (၉၁၄)   ဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။     

နုနု​အေး (ပြန်/ဆက်)