သာယာဝတီ ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးနိုင်ရေးအတွက် ခရိုင်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကော်မတီမှ ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများအဖြစ် ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်း ဆိုင်ရာ ဗီနိုင်းပိုစတာများ ရိုက်ကပ်ခြင်း၊ နှာခေါင်စည်းများ ပေးဝေခြင်း၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ သတိပေးချက်နှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး ဆောင်ရွက်ထားရှိရန် ဆိုင်ရှင်များအား အထူးမှာကြားခဲ့ ပြီး မြို့မဈေးအတွင်းရှိ ဈေးရောင်းသူများအား နှာခေါင်းစည်း တပ်ဆင်ပြီး ရောင်းချရန် အသိ ပညာပေးပြီး မြို့ပေါ်ရှိကျန်ရှိနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော်