အမာမြို့၊ ဂေါ်ဒူကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၄) လုံး ပြိုကျပျက်စီး

အမာ  သြဂုတ်  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ ယနေ့မွန်းလွဲ ()နာရီခွဲ အချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဂေါ်ဒူကျေးရွာတွင်  ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ် (လုံး ပြိုကျပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ (၁၂သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက် သေကြေပျက်စီးမှု မရှိကြောင်း သိရသည်။

သဘာဝဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု()စုတွင် လူဦးရေ ကျား(၁၁)ဦး၊ မ(၁၁) ဦး၊ ပေါင်း(၂၂ )ဦး တို့မှာ ၎င်းတို့၏ ဆွေမျိုးများထံတွင် ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

နော်လေး(အမာ)