မြောင်းမြ သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြောင်းမြခရိုင်အတွင်းရှိ ၃ ထပ်ကွမ်း လူရည်ချွန်အပါအဝင် ထူးချွန် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူ (၆)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်း ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦး အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်ဝင်းဝင်းတင်က လူရည်ချွန်များကို ယမန်နှစ်များကဲ့သို့ သက်ဆိုင်ရာ အပန်းဖြေစခန်းများသို့ စေလွှတ်ရန် ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ် ထိန်းချုပ်ထားသည့်ကာလ ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအနေဖြင့် သက်ဆိုင်ရာ ခရိုင်များတွင်သာ ဂုဏ်ပြုပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်ပြီး ဆုပေးပွဲကိုကျင်းပရာ မြောင်းမြခရိုင်အတွင်း သုံးထပ်ကွမ်းလူရည်ချွန် မောင်ဝေမင်းဟန် (အထက (၁) ဝါးခယ်မမြို့ )၊ နှစ်ထပ်ကွမ်းလူရည်ချွန် မဆုနှင်းထွဋ် (အထက(၁)မြောင်းမြမြို့ )၊ နှစ်ထပ်ကွမ်းလူရည်ချွန် မောင်ခန့်မင်းထက် (အထက(၁) မြောင်းမြမြို့ )၊ နှစ်ထပ်ကွမ်းလူရည်ချွန် မဆုလဲ့ဝတီ (အထက (၁) မြောင်းမြမြို့ ) ၊ အဋ္ဌမတန်းလူရည်ချွန် မောင်သုတ(အထက (၁)မြောင်းမြမြို့) နှင့် အဋ္ဌမတန်းလူရည်ချွန် မစိန်ဆုရတီ (အထက(၁)မြောင်းမြမြို့) တို့အား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦး ၊ ခရိုင်ပညာရေးမှူး ဒေါ်ဝင်းဝင်းတင် ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ ၊ စေတနာရှင်အလှူရှင်များက ဆုတံဆိပ်နှင့်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မင်း(မြောင်းမြ)