ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်” အကြို ပန်းချီဆေးရောင်ခြယ်နှင့် သတ်ပုံကျမ်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ထား၀ယ်  ဒီဇင်ဘာ ၁၇

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် “(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုပန်းချီဆေးရောင်ခြယ်နှင့် သတ်ပုံကျမ်း ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်ခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းက လွတ်လပ်ရေး နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းပြောကြားပြီး သတ်ပုံကျမ်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများချီးမြှင့် ပေးအပ်သည်။

ထို့နောက်ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ထူးပြည့်ကောင်းကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိန်ရှင်းက ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ထားဝယ်ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ကျောင်းသား/သူများ၏ပြိုင်ပွဲ ရလဒ် အမှတ်များနှင့်ဆုရွေးချယ်ရာတွင်ပါဝင်သည့်အချက်များအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ အားလုံးကို ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ကာ ပြိုင်ပွဲအကဲဖြတ်ပေးကြသည့် ဆရာမများအားဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

ထို့နောက် ဆုရကျောင်းသား/သူများ ကိုယ်စား ဆုရကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ကေကေအယ်လ်(ထားဝယ်)