တမူး ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်များအား အသိပေးနှိုးဆော်ခြင်း ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးလိုက်လံနှိုးဆော်ရာတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့တွင်းရပ်ကွက်များ အတွင်းသို့ လှည့်လည်၍ မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ ပထမအကြိမ် (Fast Dose) ထိုးနှံပြီး (Second Dose)ထိုးနှံရန် (၂၈)ရက်ပြည့်ပြီးသူများကို တနင်္လာနေ့မှ သောကြာနေအထိ နေ့စဉ် နံနက်(၉)နာရီမှ (၁၂)နာရီအချိန်အထိ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသေးသူများ အနေဖြင့် အသက်အရွယ်ပြည့်မှီကြောင်း အထောက်အထားအနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(သို့) အိမ်ထောင်စုစာရင်းတို့ကို တစ်ပါတည်း ယူဆောင် လာကြရန်၊ ကာကွယ်ဆေး လာရောက်ထိုးနှံရန်ကျန်ရှိမှု မရှိစေရေးအတွက် အသိပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျော်ကြီး(တမူး)