မင်းလှမြို့နယ်၌ သရက်(ပိတောက်ပင်)-မင်းလှလမ်း ကုန်းမြင့်ဖြတ်ထုတ်ခြင်း လုပ်ငန်းနှင့် ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

အထက်မင်းလှ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၆ လတွင် မကွေးတိုင်း‌ဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သရက် (ပိတောက်ပင်)-မင်းလှ လမ်းအား ကုန်းမြင့်ဖြတ်ထုတ်ခြင်း လုပ်ငန်းနှင့် ကတ္တရာ လမ်းသစ်ခင်းခြင်း လုပ်ငန်းများကို    မင်းလှမြို့နယ် လမ်းဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်တွင် သရက်(ပိတောက်ပင်)-မင်းလှလမ်း 91.73kmနှင့် 92.13km (မိုင်၅၇/၀-၅၇/၂)အတွင်း အတက်အဆင်း ပြေပြစ်စေရန် (၅၀၀’×၄၀’×၅’) ပျမ်းမျှကုန်းမြင့် ဖြတ်ထုတ်ခြင်းနှင့် (၁၈’)အကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၈.၃၀၇ ခွင့်ပြုချထားပေးခဲ့ပြီး  မြို့နယ်လမ်း ဦးစီးဌာနမှ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)