ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ပွင့်ဖြူ      ဒီဇင်ဘာ     ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများကို  ယမန်နေ့  နေ့လည်ပိုင်းက ဆေးထိုးစုရပ် (၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များ နှင့်အညီစနစ် တကျဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်းပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှသိရသည်။

ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရေးအတွက် ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမ၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်(တ)ကျောင်း၊  သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက် ရှိကြောင်းသိရပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ အဆင်ပြေစွာထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။ ယနေ့ဆေး ထိုးစုရပ်(၄)နေရာတွင် ပထမအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံသူ ၃၈၀ဦး ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း   မဖြစ်မနေ ကာကွယ်ဆေးသွားရောက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ကအသံချဲ့စက်ဖြင့်နေ့စဉ် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ခင်ဝါဝါလှိုင် (ပြန်/ဆက်)