လှိုင်းဘွဲ ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း အိမ်ယာဆောက်လုပ်ခြင်းအတွက် လိုအပ်လျက် ရှိသော အုတ်များကို တစ်ပိုင်တစ်နိုင် အုတ်ဖိုလုပ်ငန်း ဆောင်ရွက်၍ မိသားစုစီးပွားရေးနှင့်ဒေသနေ အလုပ် သမားများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ဒီအုတ်ဖုတ်လုပ်ငန်းကိုတော့ လုပ်နေတာ (၂)နှစ်(၃)နှစ်ရှိနေပါပြီး၊ အရင်တုန်းကတော့ လက်ရိုက်အုတ်သာ ထုတ်လုပ်ရသဖြင့် အများကြီး မထုတ်လုပ်နိုင်ကြောင်း၊ ယခု စက်နဲ့လုပ်တဲ့ အတွက်ကြောင့် အုတ်အလုံးရေ ပိုမို ထွက်ရှိလာကြောင်း၊ အုတ်ဖိုတစ်ဖိုဆို အုတ်အလုံးရေ တစ်သိန်းဝင်အောင် စီကြရကြောင်း၊ အုတ်စီရာ တွင် ကျွမ်းကျင်မှုရှိရန် စနစ်တကျရှိရန် လိုအပ်ကြောင်း၊ စက်ရိုက် မြေအုတ်များကို (၂)ရက်ခန့် နေလှမ်း အခြောက်ခံပေးရပြီး
အုတ်ဖုတ်ရာ၌ အပူချိန် (၂)ထောင် ဒီဂရီဖာရင်ဟိုက်အထိ ပူလောင်၊ တစ်ဖြည်းဖြည်း အပူတိုက်ပေးရ ကြောင်း၊ ဖုတ်ပြီးလျှင်လည်း တစ်ဖြည်းဖြည်းအေးစေရကြောင်း၊ အုတ်မြေတွင် ပါဝင်သော ပစ္စည်းများကို လိုက်ပြီး အုတ်အရောင် ကွဲပြားတတ်ကြောင်း၊ အုတ်ကောင်းရရှိရန်အတွက် အုတ်ထုတ်ယူမည့် မြေကြီး ကောင်းရန်လည်း လိုအပ်ကြောင်း၊ မြေစေး၊ သဲနှင့်အခြားတွင်းထွက်ပစ္စည်းများ ရောနှောပါရှိသော အုတ်မြေ မျိုးမှသာလျှင် အုတ်ကောင်းကို ရရှိနိုင်ကြောင်း” အုတ်ဖိုပိုင်ရှင် ဦးမဲတူက ရှင်းပြပေးသည်။
အုတ်များကို ဝယ်ယူသော ဖောက်သည်များအနေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းရှိရာ အထိ အတင်အချ အပြီး အုတ်တစ်လုံးကို (၉၀)ကျပ်နှုန်းဖြင့် ရောင်းချပေးနေပါကြောင်း၊ ယခင်နှစ်က ထက် ဈေးတက်လာရခြင်းမှာ အုတ်ဖုတ်ထင်းများဈေးမြင့်ခြင်း၊ လုပ်အားခများ ဈေးပိုပေးလာရခြင်းကြောင့် အုတ်များ ဈေးတက် လာရခြင်းဖြစ်ကြောင်း၊ အုတ်ဖိုလုပ်သားများအား လုပ်ငန်းကျွမ်းကျင်မှုအလိုက် တစ်ဦးလျှင်(၅၀၀၀)ကျပ်မှ (၈၀၀၀)ကျပ်အထိနေ့တွက် လုပ်အားခပေးရကြောင်း၊ အလုပ်သမားအနေဖြင့် အုတ်ကောင်းများ ထွက်ရှိ ရန် တစ်ဦးချင်း ကျွမ်းကျင်မှု ရှိရန်များစွာ လိုအပ်ကြောင်း ၊မိမိတို့၏ဒေသအတွင်းရ ပြည်သူများကလည်း စီးပွားရေးကောင်းမွန်ပြီး အဆင်ပြေကြလျှင် အိမ်ယာတည်ဆောက်ခြင်း၊ ဘုရားကျောင်းကန်တည်ဆောက် လှူဒါန်းအတွက် မိမိတို့အုတ်များကို ဝယ်ယူအသုံးပြုမည်ဖြစ်သဖြင့် ဒေသခံပြည်သူများစီးပွားရေး အဆင် ပြေ စေရေးအတွက် ဘုရားမှာနေ့စဉ်ဆုမွန်ကောင်းတောင်းပေးလျက်ရှိကြောင်း အုတ်ဖိုပိုင်ရှင်က ပြောဆို ရှင်းပြပေးခဲ့သည်။
လင်းသန့်(ပြန်/ဆက်)