လေးမျက်နှာမြို့နယ်တွင် ပြည်သူများအား (Sinoparm)ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

လေးမျက်နှာ  ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား  ယမန်နေ့နံနက် ()နာရီအချိန် မှစ၍   ဆေးထိုးစုရပ်()ခုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinoparm) phase-4 ဒုတိယအကြိမ် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စီစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းပြီး လဟာကြီးဆေးပေးခန်း ဆေးထိုးစုရပ်၊ ပိန်းအင်း ဆေးပေးခန်း ဆေးထိုးစုရပ်၊ ဝါးရုံချောင်းဆေးပေးခန်း ဆေးထိုးစုရပ်၊ သိမ်ကုန်းဆေးပေးခန်း ဆေးထိုးစုရပ်၊ အိုင်သပြုဆေးပေးခန်း ဆေးထိုးစုရပ် စုစုပေါင်း ဆေးထိုး စုရပ်()ခုတွင် ခန့်မှန်းဦးရေ (၃၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြည်သူ များအား  ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသော ပြည်သူများအား  ကာကွယ်ဆေးမထိုးမှီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊  သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ ဖြစ်ပေါ်လျှင်  ချက်ချင်းကုသပေးနိုင်ရေးအတွက်  ကြည့်ရှု့စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်းသိရသည်။

ကျော်ဟိန်း