ရွာရှမ်းသစ် ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်း (၉) နာရီအချိန်က လူထုအခြေပြုဗဟို ဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအားကစားပြိုင်ပွဲများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးနွဲ့က ကျောင်းသားလူငယ်ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်နှင့် နေ့ထူး နေ့မြတ်များကို အစဉ်အမြဲအောက်မေ့သတိရစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် သားရေကွင်းကော်ပြိုင်ပွဲနှင့် ဘောလုံးသယ်ပြိုင်ပွဲကို ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၂၁)ဦးတို့က ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
အေးအေးနွဲ့