စပါးသီးနှံ ရိတ်သိမ်းချိန်လွန် နည်းပညာပေးသင်တန်းဖွင့်လှစ်

ဒီပဲယင်း        ဒီဇင်ဘာ    ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ အကျိုးဆောင် တောင်သူများအား စပါးသီးနှံများရိတ်သိမ်းရာသီကျရောက်ပြီဖြစ်၍ ရိတ်သိမ်းချိန်လွန် နည်းပညာပေး သင်တန်း ကို ယမန်နေ့နံနက် ၉နာရီအချိန်က ဖွင့်လှစ်ခဲ့ ကြောင်းသိရှိရသည်။

သင်တန်းကို မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းမှ စပါးသီးနှံ ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် ပတ်သတ်၍ တောင်သူများအထွက်နှုန်းမ‌ လျော့ကျစေရန်နှင့် အရည်အသွေးကောင်းမွန်စေရန် လိုက်နာဆောင်ရွက်ရ မည့်နည်း လမ်းကောင်းများကို ပညာပေးဆွေးနွေးပို့ချခဲ့ပြီး တက်ရောက်လာသော အကျိုးဆောင်တောင်သူများအား စိုက်ပျိုးပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း ဉယျာဉ်ခြံသီးနှံစိုက်ပျိုးရန် မျိုးစေ့များထောက်ပံ့ပေး အပ်ခဲ့ပါသည်။

သင်တန်းသို့ အကျိုးဆောင်တောင်သူ ၂၀ ဦး စိုက်ပျိုးရေးဝန်ထမ်း ၁၇ ဦး စုစုပေါင်း ၃၇ ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)