နတ်တလင်းမြို့နယ် စည်ပင်သာယာမြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

နတ်တလင်း   ဒီဇင်ဘာ     ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးမိုးအောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ စျေးကော်မတီဝင်များပူးပေါင်း၍ စျေးသူစျေးသားများအား မီးသတ်ဆေးဘူး အသုံးပြုပုံ၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိှမ်း သတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ်နည်းများ၊ ဂက်စ် မီးလောင်မှုအားငြိမ်းသတ်နည်းများဖြင့် တက်ရောက်လာသော ဌာနဆိုင်ရာ၀န်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ၊ ဈေးသူဈေးသားများနှင့်အတူ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦး‌ကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်စိုးနှင့် တပ်ဖွဲ့၀င်များ၊လူ၀င်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအား ၀န်ကြီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်သူ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်‌ငွေွ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦး‌ကျော်မိုးလွင်တို့မှ ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး