မင်းလှမြို့တွင် ကိုယ်အားကိုယ်ကိုး မူကြိုကျောင်း ဖွင့်လှစ်ထားရှိမှု အ‌ခြေအနေအား ကြည့်ရှု

မင်းလှ ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၇)  ပြည်တော်သာရပ်ကွက်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ အသိမှတ်ပြုကိုယ်အားကိုယ်ကိုး မူကြိုကျောင်း ဖွင့်လှစ်ထားရှိမှု အ‌ခြေအနေအား ယမန်နေ့က တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်သီသီထွန်းနှင့် တာဝန်ရှိသူများက ကိုယ်အားကိုယ်ကိုးမူကြိုကျောင်း ဖွင့်လှစ်ထားရှိမှု အ‌ခြေအနေနှင့် ပတ်သတ်၍ အဆောက်အဦး ကြံ့ခိုင်မှု၊ နေရာသန့်ရှင်းမှု၊ သင်ကြားမှု အထောက်ကူပစ္စည်းများ ပြည့်စုံမှု ရှိမရှိ၊ တစ်‌နေ့တာ ကလေးငယ်များအား ထိန်းသိမ်းစောက်ရှောက်ပေးမှု စသည့် အခြေအနေများကို ကြည့်ရှုအားပေး ဆွေးနွေးခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောက်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်အေးအေးသွယ်နှင့် မူကြိုကျောင်းတာဝန်ခံ ဒေါ်ခိုင်ဝါစိုးက ရှင်းလင်ပြောကြားခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့သည်။

မင်းလှမြို့နယ် ကိုယ်အားကိုယ်ကိုးမူကြိုကျောင်းကို နိုဝင်ဘာလ ၁၉ရက်က စတင်၍ ကလေးငယ် တစ်ဦးလျင် (၆၀၀၀) ကျပ်နှုန်းဖြင့် ဖွင့်လှစ်ခဲ့ရာ ကလေးငယ် (၁၄) ဦးထိ တတ်ရောက်လျက်ရှိကြောင်း၊ မူကြိုကျောင်းကို အစိုရရုံး ဖွင့်/ပိတ်ရက်များအတိုင်း မူကြိုဆရာမ (၂)ဦးက ဦးစီးဖွင့်လှစ်ခဲ့သင်ကြား လျက်ရှိကြောင်း သိရသည်။

ပေါက်စ မင်းလှ