ဝက်လက်မြို့၌ ကုလားပဲ စိုက်ခင်းများတွင် ဥကပ်ပါးနဂျီ လွှတ်ခြင်းနှင့် သဘာဝပိုးနှင့် မှိုရောဂါ ကာကွယ်ဆေး ပေးအပ်

ဝက်လက်   ဒီဇင်ဘာ  ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရုံးသာကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ကွင်းအမှတ် ၃၄၇၅ ရှိ တောင်သူ ဦးမြင့်ဇော် နှင့် ဦးဇော်မျိုးနိုင် တို့၏ ကုလားပဲ စိုက်ခင်း ဧက တွင် ပိုးမွှားကာကွယ်နိုင်ရေး အတွက် ဥကပ်ပါးနဂျီ လွှတ်ခြင်းကို ဆောင်ရွက် ကြကြောင်း သိရသည်။

ယင်းနောက် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝပိုးသတ်ဆေးနှင့်မှိုရောဂါ ကာကွယ် ဆေးတို့ကို တောင်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင် ( ဝက်လက်)