ဝါးခယ်မမြို့နယ်‌တွင်ပန်းခင်းစီမံချက်ဖြင့်ညောင်ငူကျေးရွာအုပ်စုရှိပြည်သူ(၂၁၈)ဦးအားနိုင်ငံသားစိစစ်ရေးကတ် ပြားများထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်ပေး

ဝါးခယ်မ  ဒီဇင်ဘာ ၁၇

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက်()နာရီက ‌ညောင်ငူကျေးရွာအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး နိုင်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးကျော်စိုး၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာညောင်ငူကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့် (၃၅)ဦး၊ အသက် (၁၈)နှစ်ပြည့် (၇၈)ဦး၊ မိတ္တူ(၁၀)ဦး၊ လဲလှယ်(၉၅)ဦး စုစုပေါင်း (၂၁၈)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး