ရေဖြူမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဆောင်းရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ ပြုလုပ်

ရေဖြူ ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၁ ခုနှစ် ဆောင်းရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက အ-ထ-က ရေဖြူကျောင်းခန်းမဆောင်၌ကျင်းပသည်။

အခမ်းအနားတွင် ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေး မှူး ဦးကျော်ထင်ကိုကိုက အဖွင့်အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး၊ အားကစား နှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ရွှေက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ထို့နောက် အ-ထ-ကရေဖြူ ကျောင်းသား/သူလေးများက အေရိုးဗစ်အက၊ ဘောလုံးစွမ်းရည်နှင့် Fitness Dance အကဖြင့်လည်းကောင်း တက်ရောက်လာသူများအားဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ရွှေ၊ ‌ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကို၊ အ-ထ-ကရေဖြူ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ကျောင်းသူ ကျောင်းသားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ခတ္တာ