နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင် အသိပညာပေးပြသဆောင်ရွက်

ပွင့်ဖြူ      ဒီဇင်ဘာ       ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကကျောင်းနေ အရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြ ဘုတ်တွင်အသိပညာပေးနံရံကပ်စာဆောင်များကို လစဉ်အသစ် လဲလှယ်ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ်ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ များပါဝင်သော အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက် ခဲ့ကြောင်း သိရသည်။        

အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါဝင်သည့်  လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သော နိုင်ငံရေး ၊ စီးပွားရေး ၊လူမှုရေးဆောင်ရွက် ချက်မှတ်တမ်း ဓါတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာကို ပြသဆောင်ရွက်ထားရှိခဲ့ရာ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခင်ဝါဝါလှိုင်( ပြန်/ဆက် )