ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ကမမောင်း    ဒီဇင်ဘာ  ၁၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းများကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍  အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ယဉ်ယဉ်အေးက  (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောကြားပြီး စာအုပ်စာ‌စောင် ချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်‌ ဒေါ်မိမာကြည်က ကလေး သူငယ်ဆိုတာ အသက်အရွယ်အပိုင်းအခြားအလိုက် သတ်မှတ်ထားကြောင်း၊ ကလေးသူငယ် များ၏ အခွင့်အရေးများ၊ ကလေးသူငယ်များအနေဖြင့် မိမိကိုယ်ကိုကာကွယ်ရမည့် အချက်များ၊ မိဘများ၊ ဆရာသမားများက က‌လေးများရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်များကို လက်ခံ ဆောင်ရွက်ကြရန်တို့ကို Online မှ တစ်ဆင့် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)