ကော့ကရိတ် ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများသိရှိစေရန် အသိပညာပေးနံရံကပ်စာစောင်များ ပြသလျက်ရှိရာ ယနေ့ နံနက်၁၀နာရီအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစည် (၅) ရပ်နှင့် ဦးတည် ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ချမှတ်၍ ဆောင်ရွက်နေသည့် မှတ်တမ်းဓာတ်ပုံများအား ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့်သိရှိ နိုင်စေရန် ရည်ရွယ်၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါသည့် ဆောင်ရွက်ချက်ဗီနိုင်းပိုစာတာနှင့် ဦးတည်ချက် (၉) ရပ်ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများပါဝင်သော ဗီနိုင်းပိုစတာများကို ပြသထားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)