ကျုံပျော် ဒီဇင်ဘာ ၁၆
ပြည်သူများ မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့က ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ဒီဇင်ဘာ ၁၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကြေငြာချက်တွင် ထမင်းဟင်းများ ချက်ပြုတ်ရာ၌ မီးသတိပြုဆောင်ရွက်ရမညိ့အချက်များ ၊လျှပ်စစ်မီးများသုံးစွဲရာတွင် ခံနိုင်ဝန်ထက် ပိုမိုအသုံးမပြုရေး၊ ဟောင်နွမ်းသောလျှပ်စစ်မီကြိုးများ အသစ်လဲလှယ်အသုံးပြုရေး၊ တတ်နိုင်ပါက မီးသတ်ဆေးဘူးများ ထားရှိရေးနှင့် လျှပ်စစ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ ဆေးလိပ်သောက်ရာတွင် သတိပြုဆင်ခြင်သင့်သည်များ၊ ဖယောင်းတိုင်နှင့်လောင်စာဆီအသုံးပြုရာတွင် သတိပြုသင့်သည့်အချက်များနှင့် နေ့စဉ်မီးဖိုအသုံးပြုဈေးရောင်းချသူများနှင့် အမှိုက်မီးရှို့ရာတွင် လိုက်နာရမည့်အချက်များ စသည်တို့ပါဝင်ကြောင်း သိရသည်။
အဆိုပါ သတိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဦးဆောင်ကာမီးသတ်မော်တော်ယာဉ်တွင် အသံချဲ့တပ်ဆင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်သတိပေးကြေငြာခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
လပြည့်ဦး