ထား၀ယ် ဒီဇင်ဘာ ၁၆
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်” အကြိုပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံကျမ်းပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့်နံရံကပ်ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ကျောင်းသား/သူများအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကိုသိရှိနားလည်၍ အနာဂတ်တွင် တန်ဖိုးထား တတ်ကြစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး မျိုးဆက်သစ်လူရည်ချွန်များ ထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်မှုရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ၊ သတ်ပုံ ကျမ်းပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများဖြစ်သော စကားပုံဆက်၊ ပူစီဖောင်းညှပ်ကစားနည်းများအား ပျှော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားနေမှုကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ကြင်ကြင်သန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက်ဝန်ထမ်းများက လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်နံရံကပ် မှတ်တမ်းဓါတ်ပုံများ၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးခဲ့ကြသည်။
ကျောင်းသား/သူများ၏ ပန်းချီဆေးရောင်ခြယ်နှင့် သတ်ပုံကျမ်းပြိုင်ပွဲများ၏ ရလဒ်အမှတ်များနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား များကို ဒီဇင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပမှာဖြစ်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာအချက်အလက်များကို မေ့ပျောက်မသွားစေရန်နှင့် ယခုလိုပြိုင်ပွဲများကို ဆက်တိုက် ပြုလုပ်ပေးသွားရန်ရှိကြောင်းတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။
ကေကေအယ်လ် (ထားဝယ်)