ကျိုက်လတ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲပြသ

ကျိုက်လတ်   ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနံရံကပ်ပြဘုတ်တွင် ယနေ့နံနက်(၁၀)နာရီက ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှုမရှိစေရေးနှင့် လျော့ကျ စေရေးတို့ကို ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး နံရံကပ်စာ စောင်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နံရံကပ်စာစောင်ပြသရာတွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာစေရေးအတွက် ယာဉ်မတော်တဆ ဖြစ်ပွားမှုပုံစံများ၊ ယာဉ်မတော်တဆမှုနှင့် ပတ်သတ်သည့် အမေးအဖြေများ၊ လမ်းလျှောက်သူများ လိုက်နာရမည့် စည်းကမ်းများ၊ မော်တော်ကားမောင်းသူ၊ မော်တော် ဆိုင်ကယ်မောင်း နှင်သူများ၊ မော်တော်ယာဉ်လိုင်းပြေးဆွဲသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများ လိုက်နာရမည့် ဟိုင်းဝေး လမ်းမပေါ်၏  အန္တရာယ်သတိပေးချက်၊ တားမြစ်ချက်နှင့် ကန့်သတ်ချက်များ၊ လမ်းညွှန်များ၊ အမိန့်ပေး လမ်းညွှန်များ၊ လမ်းအမှတ်အသားများ၊ သတိပေးရောင်ပြန်ပြား စသည့် အသိပညာပေးအကြောင်း အရာများအား ပြသထားရှိရာ ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရ သည်။

ဌေးဌေးလှိုင်