ဘုရားသုံးဆူ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သတ္တမ အသုတ် (ပထမအကြိမ်) ထိုးနှံခြင်းအား ဘုရားသုံးဆူမြို့၊ ပြည်ထောင်စုခန်းမအတွင်း၌ ယနေ့ နံနက် ၉ နာရီအချိန်က ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေးအား သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများမှ စနစ်တကျ ပြုလုပ်ဆောင်ရွက်ပြီး ကာကွယ်ဆေးနှင့်ပတ်သက်သည့် အသိပညာများအား ရှင်းလင်းပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဗီဇပြောင်းလဲပုံ စသည့်အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက် ခဲ့ပြီး အဆိုပါကာကွယ်ဆေးအား (၂) ကြိမ်တိတိထိုးနှံရမည်ဖြစ်ကြောင်း၊ ဘုရားသုံးဆူမြို့ရှိ နေထိုင်သူ လူဦးရေ စာရင်းအရ ယခုအကြိမ်အနေဖြင့် သတ္တမအသုတ် (ပထမအကြိမ်) အတွက် ဆေးထိုးမည့်ဦးရေ (၁၅၀၀) ဦး ရှိပြီး ယနေ့အတွက် လူဦးရေ(၅၀၀)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အောင်သူဟိန်း (ပြန်/ဆက်)