ဝါးခယ်မ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နေ့လည် (၁၂:၃၀)နာရီက ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် စိတ်ကြိုက်ပန်းချီ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဘောလုံးကောက်ပြိုင်ပွဲ၊ ခုံလုထိုင်အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြိုင်ပွဲတွင် ကျောင်းသား (၄)ဦး၊ ကျောင်းသူ (၄)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာတွင်သာမက အဖက်ဖက် တွင် ထူးချွန်သော ကလေးများဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ဆက်လက်၍လည်း စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ အစရှိသဖြင့် ပြိုင်ပွဲများကိုလည်း ကျင်းပပေးသွားမည်ဟု သိရပါသည်။ ပြိုင်ပွဲတွင်ဆုရရှိသူများကို ဆုချီးမြှင့်၍ ပြိုင်ပွဲဝင်သူများအားလုံးကို လက်ဆောင်များပေးပြီး အာဟာရဖြစ်စေ ရန် မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။
ရီရီလွင်