သာယာဝတီမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

သာယာဝတီ ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊စာစောင်ပြသခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်တွင်းကျေးရွာ အ.မ.က ကျောင်းသို့ သွားရောက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ နန်းအေးခိုင်က လွတ်လပ်ရေးရရှိသည့်  ခုနှစ်၊ လွတ်လပ်ရေး ရရှိရေးအတွက် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ လွတ်လပ်ရေး၏ အနှစ်သာရစသည် တို့ကို အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ အ.မ.က ကျောက်တွင်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများအား စာအုပ်၊ စာပေများကို တန်ဖိုးထားတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အတွေးအခေါ် အမျှော်အမြင်များ တိုးတက်လာစေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်ပြပွဲကို ခင်းကျင်းပြသခဲ့ရာ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန့်ဇော်