ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်တော်ဈေးတန်း၌ ရောင်းချနေကြသည့် စားသောက်ကုန်နှင့် ဆေးဝါးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဗန်းမောက်  ဒီဇင်ဘာ  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဇလုံတောင်တော်ဈေးတန်း၌ ရောင်းချနေကြသည့် စားသောက်ကုန်နှင့် ဒေသထွက်သဘာဝဆေးမြစ်စုံများ၊ လိမ်းဆေးရည်များ၊ ရက်လွန်ဆေးဝါးများနှင့် ကုန်ညွှန်းအမှတ်အသားမပါရှိသည့် ဆေးဝါးများနှင့်စားသောက်ကုန်များ ရောင်းချနေမှုရှိမရှိကို ယနေ့နံနက် (၁၀)နာရီအချိန် က သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးမင်းဇော်ဦး က စားသောက်ကုန်ရောင်းချနေကြသည့် ဈေးဆိုင်များအား လတ်ဆတ်ပြီး ရက်မလွန်သည့် စားသောက်ကုန်များကို သုံးစွဲကြရန်၊ အချိုမှုန့်သုံးစွဲခြင်းနှင့် ငရုတ်သီး၊ အရောင်တင်မှုန့်သုံးစွဲခြင်းကို လျှော့ချကြရန်လိုကြောင်း၊ ဒေသထွက်သဘာဝဆေးမြစ်စုံများ၊ လိမ်းဆေးရည်များရောင်းချနေသည့် ဆိုင်များအား ထည့်သွင်းဖော်ပြရန် ကျန်ရှိသည့်ကုန်ညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာဖော်ညွှန်းရေးသားထည့်သွင်း၍ ရောင်းချသွားရန်လိုကြောင်း၊ ရောင်ချသည့်ပစ္စည်းများကို အတုပြုလုပ်မရောင်းချကြရန်၊ လူသုံးကုန်ပစ္စည်များကိုလည်း ရက်လွန်ပစ္စည်းများ တားမြစ်ပစ္စည်းများကို မရောင်းချကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးမင်းဇော်ဦးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြပြီး အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မေသူဟန်(ဗန်းမောက်)