ပြည် ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး နည်းလမ်းများကို ပြည်သူများအသိ၊ သတိရှိစွာ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများအတွင်း ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လိုက်လံ အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ယင်းသို့အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအား အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (mask)ကို စနစ်တကျတပ်ဆင်ထားပြီး လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ (face shield) ကိုတွဲဖက်တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင် လုပ်ကိုင်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာစနစ်တကျမကြာခဏဆေးကြောရန် စသည့်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအချက် အလက် များအပါအဝင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်း အများပြည်သူသိရှိနိုင်စေရန် နံရံကပ်စာစောင်၊ Hand Speaker နှင့် Sound Box အသံချဲ့စက် တို့ဖြင့် အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြကြောင်းသိရသည်။
ပြည်ခရိုင်(ပြန်/ဆက်)