ဒေးဒရဲ ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှ ရရှိသော အသိအမြင်၊ ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်း၍ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီက ဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်မှူး ဒေါ်သီတာမိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာ မောင်မင်းစိုး ရေးသားသော "လူငယ်နှင့်လူမှုရေး" စာအုပ်ပါ "လူငယ်နဲ့ဝါသနာ" ဆောင်းပါးနှင့် "လူငယ်နှင့် အသိစိတ်ဓာတ်" ဆောင်းပါးများကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဦးသိန်းမောင်နှင့် စာပေချစ် သူများက ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေဇာလင်း