ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်​ပြဇာတ်တိုက်လေ့ကျင့်

ဇလွန် ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးသစ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၁၁)နာရီ အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်အတွင်း ဇာတ်တိုက်​​လေ့ကျင့်ခဲ့ကြသည်။

သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ် ဦးဆောင်သော တပ်ဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ စျေးကော်မတီဝင်များပူးပေါင်း၍ စျေးသူ၊ စျေးသားများ အား မီးငြှိမ်းသတ်နည်းကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ကြသည်။ ယင်းနောက် မီးသတ်ဆေးဘူး အသုံးပြုပုံ၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍လည်ကောင်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်ငြှိမ်းသတ် နည်းများဖြင့် မီးငြှိမ်းသတ်မှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့် အတူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာသို့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်လင်းနှင့်အဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းအောင် ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန်းထွန်းအောင်တို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝေယံ