တောင်တွင်းကြီး ဒီဇင်ဘာ ၁၆
မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ၊ ကျေးရွာဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ယမန်နေ့ညနေပိုင်းက ကျေးရွာအရောက် သွားရောက်ကာ ကျေးရွာဒေသဖွံ့ဖြိုးမှုလုပ်ငန်းများကို ကွင်းဆင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ အဖွဲဝင်(၂) ဦးလှသောင်းနှင့်ဌာနဆိုင်ရာ အကြီးအကဲများပူးပေါင်း၍ ကံပေးကြီးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများနှင့် ဂုံညင်းတန်းကျေးရွာအတွင်းရှိ ဒေသခံမိဘများနှင့်တွေ့ဆုံကာ ကျေးရွာများရှိဒေသခံတောင်သူများ၏ တောင်းဆိုချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရခြင်းမရှိသည့် ကျေးရွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။ ဆက်လက်၍ ကျေးရွာမိဘပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် မူတည်၍ လုပ်ဆောင်ပေးနိုင်သည်များကို ချက်ချင်းဆောင်ရွက်ပေးကာ ဆက်လက်တင်ပြရမည့် တင်ပြချက်များကိုလည်း တိုင်း/ခရိုင်အဆင့်သို့ အမြန်ဆုံး တင်ပြသွားမည်ဖြစ်သည်။ တင်ပြချက်များအပေါ် ကျေးရွာမိဘပြည်သူများက ကျေးလက်လမ်းများ ကောင်းမွန်စေရန်အတွက် ပြန်လည် ပြုပြင်ပေးရန် မှတ်ပုံတင်များပြုလုပ်ရာတွင် အမြန်ဆုံးနည်းဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း အခြားတင်ပြသည့်အချက်များကိုလည်း သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက တိုင်း/ခရိုင်အဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)