ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ပဉ္စမအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ

ခင်ဦး ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများကို ယနေ့တွင် အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပဉ္စမအသုတ် (ပထမအကြိမ်) ထိုးနှံပြီးသူ (၄၁၅) ဦးရှိပြီး စတုတ္ထအသုတ် (ဒုတိယအကြိမ်) ထိုးနှံရမည့်သူများကိုလည်း ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအထက်တန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးမှုမှာ အထက်တန်းတွင် (၁၀၀)ရာခိုင်နှုန်း၊ အလယ်တန်းတွင် (၉၈)ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

စိုးဝေအောင်(ခင်ဦး)